၁)မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်(Free Burma Federation-FBF) ဒုဥက္ကဌ ကိုရွှေစင်ထွန်းမှ လူထုတိုက်ပွဲကော်မတီသို့ ၁၅၀၀ ဘတ်နှင့် လူထုတိုက်ပွဲကော်မတီမှတဆင့် ကျောင်းသားတပ်မတော် (ABSDF) သို့ ၁၅၀၀ ဘတ်တို့ကို အောက်တိုဘာ ၂၀ ရက်နေ့တွင် ကျရောက်သော မွေးနေ့ရှင်တဦးအတွက် ကိုယ်တိုင်လာရောက် လှုဒါန်းပါသည်။
၂)လူထုတိုက်ပွဲကော်မတီမှတဆင့် ကျောင်းသားတပ်မတော်(ABSDF) သို့ အောက်ဖေါ်ပြပါ သြစတေးလျ နိုင်ငံရောက် မိတ်ဆွေအလှုရှင်များမှ ပေးပို့လှုဒါန်းပါသည်။
(က) မ၀ါဝါ (နိုင်နိုင်မိသားစု)
Doonside(NSW)............... $50
(ခ)ကိုသိန်းဌေး
Doonside (NSW).............. $5
(ဂ) ကိုကျော်ဝင်း မိသားစု
Springvale(VIC)..............$50
ကျေးဇူးတင်စွာဖြင့်
လူထုတိုက်ပွဲကော်မတီ
ကျေးဇူးတင်မှတ်တမ်း
5:31 PM
People Action comittee(2010)
Posted in
မျှဝေခြင်း
တိုက်ပွဲဖြစ်ပွားရာ ဖလူးဒေသမှ DKBA တပ်ဖွဲ့ဝင်များထံသို့ လူထုတိုက်ပွဲကော်မတီမှ ဦးဆောင်ကော်မတီဝင်နှစ်ဦး သွားရောက်အားပေးကူညီ (ဓာတ်ပုံသတင်း)
10:11 AM
People Action comittee(2010)
Posted in
သတင်း
နယ်စပ်တိုက်ပွဲအတွက် ပံ့ပိုးရန် နှိုးဆော်ချက်
10:10 AM
People Action comittee(2010)
Posted in
မျှဝေခြင်း
နအဖစစ်အုပ်စုရဲ့ ရတနာပုံနဲ့ ကြေးမုံ အွန်လိုင်းစာမျက်နှာများကို PAC မှ ဒုတိယအကြိမ် သိမ်းပိုက်ခဲ့စဉ်
8:51 AM
People Action comittee(2010)
Posted in
သတင်း
နအဖ၏ ‘ကြေးမုံအွန်လိုင်းသတင်းစာ’ ၀က်ဘ်ဆိုက်တွင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ‘လူထုတိုက်ပွဲကော်မတီ (၂၀၁၀)’ ၏ ရွေးကောက်ပွဲဆန့်ကျင်ရေး နှိုးဆော်စာ တင်ထား
3:34 AM
People Action comittee(2010)
၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက် နေ့စွဲဖြင့် လွှင့်တင်ထားသည့် နအဖစစ်အုပ်စု၏ ၀ါဒဖြန့်ချိရေး ၀က်ဘ်ဆိုက် ဖြစ်သော ‘ကြေးမုံအွန်လိုင်းသတင်းစာ’ တွင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ၏ ရွေးကောက်ပွဲသပိတ်မှောက်ဆန့်ကျင်သည့် နှိုးဆော်စာ တင်ထားသည်ကို တွေ့ရှိရသည်။ ‘ကြေးမုံအွန် လိုင်းသတင်းစာ’ ၏ မူလစာမျက်နှာတွင် “ကြေမုံအွန်လိုင်း ၀ပ်ဆိုဒ်အား ပြည်တွင်း ပြည်ပမှ စာဖတ်ပ ရိတ်သတ်များ လွယ်ကူစွာ ကြည့်ရှုနိုင်ရန် www.kyaymon.info သို့ ပြောင်းလဲထားပါသည်။
Last updated on : ၂၀၁၀ / နိုဝင်ဘာလ / ၀၆” ဟူသည့် စာသားကို တွေ့ရှိရပြီး လိပ်စာသစ်ကို က လစ်သည့်အခါ လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ၏ နှိုးဆော်စာကို တွေ့ရှိရခြင်းဖြစ်ပါသည်။ အဆိုပါ လူထု တိုက်ပွဲကော်မတီ (၂၀၁၀) ၏ နှိုးဆော်စာတွင် ...
“နအဖရွေးကောက်ပွဲကို သပိတ်မှောက်ဆန့် ကျင်သည့်အနေဖြင့် နအဖ၏ ၀ါဒဖြန့် ချီရေး အင်တာ နက်စာမျက်နှာများအား ၄င်းတို့ ရွေးကောက်ပွဲကျင်းပမည့်နေ့ တွင် ကြည့်ရှူမရစေရန်အတွက် တားမြစ်ပိတ်ပင်ပြောင်းလဲပြစ်လိုက်ပါသည်။ နအဖရဲ့  ရွေးချယ်ထားပြီးသားသူများနဲ့  ကောက် ကျစ်စွာကျင်းပတဲ့ စီစဉ်ကျင်းပသည့် နအဖ ၂၀၁၀ ရွေးကောက်ပွဲအား ပြည်သူလူထုမှ သပိတ် မှောက်ရန် တိုက်တွန်းလိုက်ပါသည်။ ဤအွန်လိုင်းမှနေ၍ နအဖရွေးကောက်ပွဲဆန့် ကျင်ရေး သ ပိတ်မှောက်လုပ်ဆောင်မှုအား (လူထုတိုက်ပွဲကော်မတီ ၂၀၁၀ - People Action Committee) နှင့် မျိုးချစ်ပြည်သူများမှ ပြုလုပ်ခြင်းဖြစ်သည်။
နအဖ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ။
နအဖ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ။
နအဖ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ဗွီဒီယိုမှတ်တမ်းဖိုင်အား ဒေါင်းလုပ် လုပ်ရန်အတွက် -
http://www.multiupload.com/YOFDG8IBLJ
လေးစားရပါသော တိုက်ပွဲဝင် ညီအကိုမောင်နှမအပေါင်းတို့ ခင်ဗျား
အတုအယောင် ရွေးကောက်ပွဲကြီးကို ကျနော်တို့ ဆန်ကျင်သပိတ်မှောက်ကြမယ်။ ဒီမိုကရေစီနဲ့ လူ အခွင့်အရေးတွေနဲ့  တိုးတက်နဲ့ နိင်ငံတော်သစ်ကို တည်ဆောက်ကြမယ်။ လူမှုအထွေထွေ ရင်ဆိုင် နေရတဲ့ ကျနော်တို့  ဘ၀တွေကို တော်လှန်ပြောင်းလဲပြစ်ပြီး မျော်လင့်ချက်ရှိတဲ့ ဘ၀သစ်တွေကို တည်ဆောက်မယ်။ အမှောင်ခေတ်ကိုခွင်းပြီး အလင်းခေတ်ကို အသစ်ကို တည်ဆောက်ကြမယ်။ အတုအယောင် ရွေးကောက်ပွဲကြီးကို ဆန်ကျင်တဲ့  နိုင်ငံလုံးဆိုင်ရာအထွေထွေသပိတ်ကြီးကို ကိုယ့် ပြည်နယ်အသီးသီးမှာ နိုဝင်ဘာ ၇ ရက်နေ့က စတင်ပြီး လုပ်ဆောင်ဖို့အတွက် ပန်ကြားပါတယ်။ ရန်ကုန်မြို့က အထွေထွေသပိတ်ကြီး အစီအစဉ်ကိုတော့ အောက်ဖေါ်ပြပါ အစီအစဉ်အတိုင်း လုပ် ဆောင်သွာမယ်။ မပျက်မကွက် လာခဲ့ကြပါဖို့ ပန်ကြားလိုပါတယ်။
ဘယ်နေ့ လဲ - နိုဝင်ဘာ ၇ရက်
ဘယ်အချိန်လဲ - နံနက် ၁၀ နာရီ
ဘယ်နေရာမှာလဲ - တာမွေအ၀ိုင်း
ဘာတွေလုပ်မလဲ - လှုံ့ဆော်မယ်။ ချီတက်မယ်။ ကန်ကွက် ဆန္ဒပြမယ်။
ဘာတွေယူရမလဲ - အလံ။ ပိုစတာ၊ ဒေါ်စုပုံ။ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ၊ နဖူးစီးတွေ ယူခဲ့ရမယ်။
(လူတယောက်အလံတခု လုပ်နိုင်ရင်ကောင်းတယ်။ အလံကိုင် ဒုတ်ကို သေသေချာချာလုပ်ပါ။)
(လူထုတိုက်ပွဲကော်မတီ ၂၀၁၀ - People Action Committee)” ဟု ရေးသားထားသည်ကို တွေ့ရှိရ သည် (စာလုံးအမဲဖြင့် ပြထားသည့် စာလုံးပေါင်း သတ်ပုံများမှာ မူရင်းအတိုင်းဖြစ်ပါသည်)။
၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့ ညနေ (၃း၃၀) နာရီခန့်တွင် တွေ့ရပုံ



Posted in
သတင်း
လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ၏ ဘဏ္ဍာရေးဆိုင်ရာမူဝါဒ
9:23 AM
People Action comittee(2010)
Posted in
မျှဝေခြင်း
ဘူး
9:22 AM
People Action comittee(2010)
မြင်းရည်တက်ဦးသာ
၂၀၁၀ ခုနှစ် မတ်လ (၂၉) ရက်နေ့ NLD ရဲ့ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးက နအဖရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေအမှတ် ၂/၂၀၁၀ ဟာ မတရားတဲ့ အမိန့်ဥပဒေတွေမို့ မှတ်ပုံမတင်ဘူးလို့ ကန့်ကွက်သူမရှိ တခဲ နက် အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။ ဆိုလိုတဲ့ အခြားအဓိပ္ပာယ်သက်ရောက်မှုကတော့ တွေ့ဆုံဆွေးနွေးညှိနှိုင်း ခြင်းမရှိဘဲ နအဖက တဖက်သတ် ပြုလုပ်ကျင်းပတဲ့ နိုင်ငံရေးအကျဉ်းသား (၂၀၀၀) ကျော်ရဲ့ ပါဝင်ပတ်သက်မှု ကို တားဆီးပိတ်ပင်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာမဟုတ်လို့ ကောက်ယူရမှာဖြစ်ပါတယ်။
တချို့လက်ချိုးရေလို့ရတဲ့ အနည်းငယ်သော လူပုဂ္ဂိုလ်တချို့ကလွဲပြီး မြန်မာ့နိုင်ငံရေးစာမျက်နှာမှာ ပါဝင်ပတ် သက်နေကြသူများက NLD ရဲ့ လုပ်ရပ်ကို ကြိုဆိုကြပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုကဆို ရင် NLD ဒီလိုဆုံးဖြတ်ရတာနဲ့ ပတ်သက်ပြီး နားလည်သဘောပေါက်ပါတယ်လို့ သံတမန်ဆန်ဆန် ထောက် ခံလာကြပါတယ်။
Posted in
ဆောင်းပါး







