လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ၏ ဘဏ္ဍာရေးဆိုင်ရာမူဝါဒ

ဘူး

မြင်းရည်တက်ဦးသာ

၂၀၁၀ ခုနှစ် မတ်လ (၂၉) ရက်နေ့ NLD ရဲ့ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးက နအဖရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေအမှတ် ၂/၂၀၁၀ ဟာ မတရားတဲ့ အမိန့်ဥပဒေတွေမို့ မှတ်ပုံမတင်ဘူးလို့ ကန့်ကွက်သူမရှိ တခဲ နက် အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။ ဆိုလိုတဲ့ အခြားအဓိပ္ပာယ်သက်ရောက်မှုကတော့ တွေ့ဆုံဆွေးနွေးညှိနှိုင်း ခြင်းမရှိဘဲ နအဖက တဖက်သတ် ပြုလုပ်ကျင်းပတဲ့ နိုင်ငံရေးအကျဉ်းသား (၂၀၀၀) ကျော်ရဲ့ ပါဝင်ပတ်သက်မှု ကို တားဆီးပိတ်ပင်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာမဟုတ်လို့ ကောက်ယူရမှာဖြစ်ပါတယ်။

တချို့လက်ချိုးရေလို့ရတဲ့ အနည်းငယ်သော လူပုဂ္ဂိုလ်တချို့ကလွဲပြီး မြန်မာ့နိုင်ငံရေးစာမျက်နှာမှာ ပါဝင်ပတ် သက်နေကြသူများက NLD ရဲ့ လုပ်ရပ်ကို ကြိုဆိုကြပါတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုကဆို ရင် NLD ဒီလိုဆုံးဖြတ်ရတာနဲ့ ပတ်သက်ပြီး နားလည်သဘောပေါက်ပါတယ်လို့ သံတမန်ဆန်ဆန် ထောက် ခံလာကြပါတယ်။

မြန်မာပြည်သူလူထုတရပ်လုံး ‘ဘူး’ တလုံး ဆောင်ကြပါ

“စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် ဆန့်ကျင်တိုက်ဖျက်ရေးအတွက်
မြန်မာပြည်သူလူထုတစ်ရပ်လုံး ‘ဘူး’ တစ်လုံးဆောင်ကြပါစို့”
၁။ နအဖ ခိုင်းတဲ့ လုပ်အားပေး လုံးဝမလိုက်ဘူး။
၂။ ရပ်ကွက်တွင်း ကောက်ခံတဲ့ ကင်းကြေး လုံးဝမထည့်ဘူး။
၃။ နအဖ ကောက်ခံတဲ့ အခွန်ငွေ လုံးဝမထည့်ဘူး။
၎။ ဧည့်သည်လာရင် ဧည့်စာရင်း လုံးဝမတိုင်ဘူး။
၅။ ကြံ့ဖွံ့၊ စွမ်းအားရှင်အဖွဲ့ထဲ လုံးဝမ၀င်ဘူး၊ မပတ်သက်ဘူး။
၆။ နအဖ စစ်တပ်ထဲ လုံးဝမ၀င်ဘူး။
၇။ နအဖစစ်တပ် ပေါ်တာခေါ်ရင် လုံးဝမလိုက်ဘူး။
၈။ နအဖစစ်အုပ်စုကို အစိုးရအဖြစ် လုံးဝအသိအမှတ်မပြုဘူး။
၉။ နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေကို လုံးဝလက်မခံဘူး။
၁၀။ နအဖရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီ မှတ်ပုံမတင်ဘူး၊ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူး။
၁၁။ နအဖ ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ လုံးဝမဲသွားမပေးဘူး။ 

“မတရားတဲ့ အမိန့်အာဏာဟူသမျှကို လုံးဝလက်မခံဘူး”
“ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ”
“စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြ”
“အရေးတော်ပုံ အောင်ရမည်”

မြန်မာ့နိုင်ငံရေးနဲ့ လူထုတိုက်ပွဲ (ရုပ်မြင်သံကြားစကားဝိုင်း)

လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ၏ ဘူးလှုပ်ရှားမှုပိုစတာ + ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းနှင့် ဦးအောင်ထွန်းစိန်တို့၏ မဲဆန္ဒရှင်များသို့ ပန် ကြားလွှာ

လူထုတိုက်ပွဲကော်မတီ (၂၀၁၀) က ကျင်းပတဲ့ ဒီပဲယင်းအရေးအခင်း (၇) နှစ် ပြည့် အခမ်းအနား (ရုပ်သံ)

ဘူးမှာပဲ ဘူးမှာပဲ

တုတ်ကြီး (ခေတ္တ-တာဝတိံသာ)

ဘူးသင်္ကြန်ကို ဘူးဟန်ဖြင့် ကျွန်ုပ် သွားရောက် ဘူးဂေါ်ခြင်း မလုပ်လိုက်ရသည့်အတွက်လည်း ဘူး ... ဟူး ... ဟူး ဟု ဘူးသက်ပြင်းတွေ မှုတ်ထုတ်ရင်း ဘူး စိတ်ကျရောဂါမဖြစ်သွားသော်ငြား မိမိဘ၀နှင့်မိမိ ဘူးလေးရာ ဖ ရုံမဆင့်နိုင်သမို့ ဘူးတာဝန်အရေးသုံးပါးဖြစ်သော စား၊ ၀တ်၊ နေရေးကို ဘူးလုံးနားမထွင်း နလပိန်းတုံးနိုင်မှု ဖြင့် ခက်ခက်ခဲခဲ လုပ်ကိုင်စားသောက်ရင်း ဘူးချိန်နည်းလွန်းလှသည့် ဘူးအဖြစ်ကို ဘူးတယောက်အနေနှင့် ဘူး စိတ်ပျက်မိတော့၏။

“ဘူး ဟာ ဘူး သာ ဘူးပါတော့မယ် ဘူးတို့ရယ်” ဟု ဘာသာ ရေရွတ်လျက် သစ်ပုတ်ပင်ကြီးအောက်မှ မသာ အသိုးကြီး၏ မသိုးမသန့် မျက်နှာပေးမျိုးနှင့် အနောက်စွန်းသို့ ယွန်းလုနေမင်းကို တွေတွေငိုင်ငိုင် ငေးရီမှိုင်တွေ ရင်း ပုလင်းတူဘူးစို့ ဘူးဖော်ဘူးဖက်တွေကို သတိရနေမိဆဲချိန်ဝယ် ငန်းရိုင်းတို့ မြောက်အရပ်သို့ ပျံလေ၏ ... ဟု မောင်စိန်ဝင်း (ဖရီးကုန်း) ၏ ဟန်အတိုင်း တမတ်ဖိုးလောက် ဖမ်းလွမ်းမိပြန်၏။

ကြာသာပုတေးနံတွေ ကျယ်လောင်သည့်နှစ် ...။
ဘူး ... ဗုံး ... ဗွမ်း ... ဘွတ် ... ပြွတ်စ် ... ပြွတ်စ် ... ပလွတ် ပလွတ် ပလုံ ပလူးပလဲ ပလီစိချောက်ချက် စသည်ဖြင့် ...။

“ချာပီရေ ... ရားမယ်ဆို ဘူးသီးနဲ့ မူလကျီလေး စားချင်ဒယ်” ဟု ချစ်ရသော မချာပီ၏ ခေါင်းမြီးခြုံကလေး ဆွဲ လှန်ကာ နှုတ်ခမ်းမွှေးစစနှင့် မျက်နှာပြဲလေးအား မုတ်ဆိတ်ငုတ်တိုဖြင့် ဖွဖွလေးပွတ်ရင်းတောင် ပြောလိုက်ချင် လာ၏။ သို့ပေသည့် ဗိုက်က ဆာဆာရှိလှသဖြင့် တခါမှ အကြွေးအသစ်မယူရသေးသော နှစ်ရပ်ကွက်ကျော်က လက်ဖက်ရည်ဆိုင်သို့ ချီတက်ရန် ပြင်ဆင်မှဖြစ်ပေတော့မည်ဟု အာရုံရလာတော့သည်။

**** **** *****

“နှစ်သစ်မင်္ဂလာ အတာရေသဘင်ပွဲမှာ ... ညှစ်ပစ်ချင်စရာ ပျိုမဒီတွေ တကယ်ပေါတာ (အဟုတ်ပေါတာ) ...
... ... ... ... ... ... ... ... ... ... ... ...
... ... ... ... ... ... ... ... ... ... ... ...”

ဂျင်းဘောင်းဘီ ရင်ခေါင်းလောက်ကို ၀တ်ပြီး လေဘေးထုပ်ထဲက ရွေးထားသော တီရှပ်အင်္ကျီအပွ အနီရောင် ဖြင့် ပဲပေးမည်ဟု အားခဲလျက် အိမ်ရှေ့တွင် ရပ်ထားသော စမုတ်နှစ်ချောင်းပြတ် ဆိုက်ကားဆီသို့ ပရိသတ်၏ စိတ်ဝင်စားမှုအခံရဆုံး အူကြောင်ကြား သရုပ်ဆောင်တယောက်ကဲ့သို့ တက်ကြွစွာ ပေါ့ပါးသော ခြေလှမ်းများ ၏ သယ်ဆောင်မှုဖြင့် စွေ့ကနဲ စွေ့ကနဲ ဦးတည်လိုက်မိ၏။

ဆိုက်ကားကို မိုင်ကုန်မနင်းဘဲ ဖြေးဖြေးအေးအေး တလိမ့်ချင်းလိမ့်စေလျက် အုန်းလက်များ၊ တမာကိုင်းများ၊ စကောများ၊ ရေတိုင်ကီများ၊ ရေတိုင်ကီနောက်တွင်ထောင်ထားသော နှစ်တလက်မသစ်သားချောင်းများ၊ ငှက် ကြီးတောင်ဓားများ စီထားသော ရေပက်မဏ္ဍပ်ကလေးတွေကို ဖြတ်နင်းလာမိ၏။ ဦးထုပ်ပြောင်းပြန် ဆောင်း ထားသော အနာဂတ်၏ ခေါင်းဆောင်လေးများအားလည်း မျက်နှာချိုသွေးပြုံးပြရ၏။ သို့ဖြင့် ... အလည်ရပ် ကွက်သို့ ရောက်ချိန်ဝယ် ... ...

စောစောစီးစီး အသက်လေးဆယ်တောင် မပြည့်သေးသော မြီးတောင်ကျွတ်မလေးများထဲမှ တယောက်က ကျွန်ုပ်ကို မြင်သည်နှင့် ခါးထစ်ခွင်ချီထားသော မြေးဦးကလေးကို ရေတိုင်ကီနှုတ်ခမ်းပေါ် ဆတ်ကနဲ တင်လိုက် ကာ လုံးဝအလွတ်ပေးမည်မဟုတ်သောဟန်ဖြင့် အစွမ်းကုန် ပြေးလာပါတော့၏။ ရင်တွေတုန်လိုက်သည်မှာ ကား အစ်မဖြစ်သူ မင်္ဂလာဦးညတွင် ယောက်ဖကို ဘားပလက်ဘူး ၀ယ်ပေးမိပြီးမှ အသိနောက်ကျလိုက်သကဲ့ သို့ ...။

ယခုတော့ ကျွန်ုပ် ဘူးကိုယ်တော်လည်း ဆိုက်ကားကို ဇိမ်ကလေးနှင့် တလိမ့်ချင်း မလှိမ့်အားတော့ဘဲ မတ် တပ်ရပ်ကာ အားကုန်သုတ်လေတော့ရာ အနှီ မြီးတောင်ကျွတ်မက ကတ္တရာလမ်းဘေးမှ ကျောက်ခဲတလုံး ကောက်၍ ကျွန်ုပ်အား အားရှိပါးရှိထုရင်း ပါးစပ်မှလည်း “သောက်ကမြင်းမ တုတ်ကြီး အကြွေးမပေးဘဲ ပတ် ရှောင်နေတယ် သေဖို့သာပြင်” ဟု အော်လည်းအော် နောက်မှလည်း ထမီကို စွန်တောင်ဆွဲကာ လွှားကနဲ လွှားကနဲ ရေဗွက်များ၊ ရွှံ့များကြားမှ ပျံလွှားသိုင်းများ တဖက်ကမ်းခတ် တတ်မြောက်ထားသလား ထင်ရ လောက်အောင် ပြေးလိုက်လာပါတော့၏။

ကျွန်ုပ်သည် ဆိုက်ကားဟွန်းကို ကလင် ... ကလင် ... ကလင်နေအောင် တီးကာ အရေးပေါ် ဒုန်းစိုင်းလာသည့် နှယ် ချိုင့်ခွက်များကို ဖြတ်ကျော်၍ စွတ်တင်လာခဲ့သည်မှာ တရပ်ကွက်တိတိကျော်လာသည်အထိ။ နောက်သို့ လုံးဝလှည့်မကြည့်ဘဲ သုတ်လာလိုက်သည်ကတော့ စစ်ကူမပို့မှန်းသိလိုက်သည့် ရှေ့တန်းရောက် တပ်ရင်းမှူး တဦးနှယ် ...။

သို့ကလိုဖြင့် ကာကာ လက်ဖက်ရည်ဆိုင်သို့ ရောက်ပြီးသကာလ ပလာတာလေးတချပ်နှင့် လက်ဖက်ရည် ကျောက်ပန်းတောင်းတခွက်ကို အကျသားမှာ၍ ဆေးပေါ့လိပ်တလိပ်ကို ခဲလိုက်ရင်း လမ်းပေါ်ဖြတ်လျှောက် သွားသော ဈေးပြန် အပျိုတသိုက်၏ ရေစိုစို နောက်ကျောပြင်လှလှကို အားပါးတရ ဘူးရှု ရှုလိုက်ရင်း သကြား မင်း ဦးမာဃစည်းစိမ်နှင့်တောင် မလဲနိုင်အောင်ပင် ငြိမ့်နေမိပါတော့၏။

ထိုအချိန်ဝယ် မိချောင်းများ မျက်ရည်ဖြင့် ကျွန်ုပ်ထိုင်နေသော ခွေးခြေကလေးပင် မြုပ်မတတ်ဖြစ်သွားသည်ကို သတိမထားမိလိုက်နိုင်အောင်ဖြစ်ရင်း သမိန်ပေါသွပ် ဇာတ်တော်ကြီးထဲမှ ဇာတ်ကောင်များ ရယ်သလို ဘူး ထွားဟားဟားဟားဟု ရှက်ရယ် ရယ်လိုက်၍ ကျွန်ုပ် ဘူးမိ အပြစ်ရှိသည့်အဖြစ်ကို မလုံမလဲဖြစ်ရင်း ဘူးတာ ဟုတ်ပါဘူးဟု ဘူးတလုံးဆောင်လိုက်မိပါတော့၏။

တုတ်ကြီး (ခေတ္တ-တာဝတိံသာ)

“ပေါ့ပေါ့ပါးပါး ပြုံးစရာလေးတွေ မရေးဖြစ်တာကြာသဖြင့်
ဘူးအဖွဲ့တော်သားများအား ဘူးစာဖြင့် အားပေးလိုက်ရသည်ဖြစ်ပါကြောင်း ...”

Powered by IIFH