နအဖ၏ ‘ကြေးမုံအွန်လိုင်းသတင်းစာ’ ၀က်ဘ်ဆိုက်တွင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ‘လူထုတိုက်ပွဲကော်မတီ (၂၀၁၀)’ ၏ ရွေးကောက်ပွဲဆန့်ကျင်ရေး နှိုးဆော်စာ တင်ထား

၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက် နေ့စွဲဖြင့် လွှင့်တင်ထားသည့် နအဖစစ်အုပ်စု၏ ၀ါဒဖြန့်ချိရေး ၀က်ဘ်ဆိုက် ဖြစ်သော ‘ကြေးမုံအွန်လိုင်းသတင်းစာ’ တွင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ၏ ရွေးကောက်ပွဲသပိတ်မှောက်ဆန့်ကျင်သည့် နှိုးဆော်စာ တင်ထားသည်ကို တွေ့ရှိရသည်။ ‘ကြေးမုံအွန် လိုင်းသတင်းစာ’ ၏ မူလစာမျက်နှာတွင် “ကြေမုံအွန်လိုင်း ၀ပ်ဆိုဒ်အား ပြည်တွင်း ပြည်ပမှ စာဖတ်ပ ရိတ်သတ်များ လွယ်ကူစွာ ကြည့်ရှုနိုင်ရန် www.kyaymon.info သို့ ပြောင်းလဲထားပါသည်။
Last updated on : ၂၀၁၀ / နိုဝင်ဘာလ / ၀၆”
ဟူသည့် စာသားကို တွေ့ရှိရပြီး လိပ်စာသစ်ကို က လစ်သည့်အခါ လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ၏ နှိုးဆော်စာကို တွေ့ရှိရခြင်းဖြစ်ပါသည်။ အဆိုပါ လူထု တိုက်ပွဲကော်မတီ (၂၀၁၀) ၏ နှိုးဆော်စာတွင် ...

“နအဖရွေးကောက်ပွဲကို သပိတ်မှောက်ဆန့် ကျင်သည့်အနေဖြင့် နအဖ၏ ၀ါဒဖြန့် ချီရေး အင်တာ နက်စာမျက်နှာများအား ၄င်းတို့ ရွေးကောက်ပွဲကျင်းပမည့်နေ့ တွင် ကြည့်ရှူမရစေရန်အတွက် တားမြစ်ပိတ်ပင်ပြောင်းလဲပြစ်လိုက်ပါသည်။ နအဖရဲ့  ရွေးချယ်ထားပြီးသားသူများနဲ့  ကောက် ကျစ်စွာကျင်းပတဲ့ စီစဉ်ကျင်းပသည့် နအဖ ၂၀၁၀ ရွေးကောက်ပွဲအား ပြည်သူလူထုမှ သပိတ် မှောက်ရန် တိုက်တွန်းလိုက်ပါသည်။ ဤအွန်လိုင်းမှနေ၍ နအဖရွေးကောက်ပွဲဆန့် ကျင်ရေး သ ပိတ်မှောက်လုပ်ဆောင်မှုအား (လူထုတိုက်ပွဲကော်မတီ ၂၀၁၀ - People Action Committee) နှင့် မျိုးချစ်ပြည်သူများမှ ပြုလုပ်ခြင်းဖြစ်သည်။

နအဖ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ။
နအဖ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ။
နအဖ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ဗွီဒီယိုမှတ်တမ်းဖိုင်အား ဒေါင်းလုပ် လုပ်ရန်အတွက် -
http://www.multiupload.com/YOFDG8IBLJ


လေးစားရပါသော တိုက်ပွဲဝင် ညီအကိုမောင်နှမအပေါင်းတို့ ခင်ဗျား

အတုအယောင် ရွေးကောက်ပွဲကြီးကို ကျနော်တို့ ဆန်ကျင်သပိတ်မှောက်ကြမယ်။ ဒီမိုကရေစီနဲ့ လူ အခွင့်အရေးတွေနဲ့  တိုးတက်နဲ့ နိင်ငံတော်သစ်ကို တည်ဆောက်ကြမယ်။ လူမှုအထွေထွေ ရင်ဆိုင် နေရတဲ့ ကျနော်တို့  ဘ၀တွေကို တော်လှန်ပြောင်းလဲပြစ်ပြီး မျော်လင့်ချက်ရှိတဲ့ ဘ၀သစ်တွေကို တည်ဆောက်မယ်။ အမှောင်ခေတ်ကိုခွင်းပြီး အလင်းခေတ်ကို အသစ်ကို တည်ဆောက်ကြမယ်။ အတုအယောင် ရွေးကောက်ပွဲကြီးကို ဆန်ကျင်တဲ့  နိုင်ငံလုံးဆိုင်ရာအထွေထွေသပိတ်ကြီးကို ကိုယ့် ပြည်နယ်အသီးသီးမှာ နိုဝင်ဘာ ၇ ရက်နေ့က စတင်ပြီး လုပ်ဆောင်ဖို့အတွက် ပန်ကြားပါတယ်။ ရန်ကုန်မြို့က အထွေထွေသပိတ်ကြီး အစီအစဉ်ကိုတော့ အောက်ဖေါ်ပြပါ အစီအစဉ်အတိုင်း လုပ် ဆောင်သွာမယ်။ မပျက်မကွက် လာခဲ့ကြပါဖို့ ပန်ကြားလိုပါတယ်။

ဘယ်နေ့ လဲ - နိုဝင်ဘာ ၇ရက်
ဘယ်အချိန်လဲ - နံနက် ၁၀ နာရီ
ဘယ်နေရာမှာလဲ - တာမွေအ၀ိုင်း
ဘာတွေလုပ်မလဲ - လှုံ့ဆော်မယ်။ ချီတက်မယ်။ ကန်ကွက် ဆန္ဒပြမယ်။
ဘာတွေယူရမလဲ - အလံ။ ပိုစတာ၊ ဒေါ်စုပုံ။ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ၊ နဖူးစီးတွေ ယူခဲ့ရမယ်။
(လူတယောက်အလံတခု လုပ်နိုင်ရင်ကောင်းတယ်။ အလံကိုင် ဒုတ်ကို သေသေချာချာလုပ်ပါ။)

(လူထုတိုက်ပွဲကော်မတီ ၂၀၁၀ - People Action Committee)” ဟု ရေးသားထားသည်ကို တွေ့ရှိရ သည် (စာလုံးအမဲဖြင့် ပြထားသည့် စာလုံးပေါင်း သတ်ပုံများမှာ မူရင်းအတိုင်းဖြစ်ပါသည်)

နအဖ၏ ၀ါဒဖြန့်ချိရေး ‘ကြေးမုံအွန်လိုင်းသတင်းစာ’ ၀က်ဘ်ဆိုက်တွင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ‘လူထုတိုက်ပွဲကော်မတီ (၂၀၁၀)’ ၏ ရွေးကောက်ပွဲဆန့်ကျင်ရေး နှိုးဆော်စာ တင်ထားသည်ကို
၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့ ညနေ (၃း၃၀) နာရီခန့်တွင် တွေ့ရပုံ

Powered by IIFH